Wednesday, December 30, 2009

အမေနေ့ ( ပြာသိုလပြည့်နေ့ ) အမှတ်တရ


အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့ဆိုတာ တခြားနေ့တွေနဲ့ မခြား တူတူပါပဲ…. ဒါပေမယ့် ဒီပြာသိုလပြည့်နေ့ကို အမေနေ့ဆိုပြီး သတ်မှတ်လိုက်တဲ့အခါ အမေ့ကို တခြားနေ့တွေထက် ပိုပြီး အလေးအနက် ပြုမိပါတယ်…. ကိုယ်တိုင်တင် မဟုတ်ဘဲ တခြား သတိမထားမိသူတွေကိုလည်း ပြောပြ သတိပေးဖြစ်ပါတယ် …. အမေနေ့မှာ အမေနဲ့ပတ်သက်ပြီး .......ညီလေးတစ်ရောက်ရဲ့
ဘလော့မှာတွေ့လို့..ဒီကဗျာလေးကိုအရမ်းကြိုက်လို့..ကူးခဲ့ပါတယ်..
အမေ

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။

နေ့တိုင်း လွမ်းနေရတာ ခုလိုဒီဇင်ဘာပြီးလို့ ဇန်န၀ါရီလဆို အမေ့ကို လွမ်းရတာ ၂ နှစ်ပြည့်ပြီ..
ဒီညတော့ဘာမှမလုပ်ချင်တော့ ဘူး..အမေသီချင်းလေးတွေ နားထောင်ပီးတော့ အမေ့ကိုလွမ်းလိုက်တော့မယ်ဗျာ..

(၁) အမေ့ဆန္ဒ

(၂) မြင့်မိုရ်ထက်မြင့်သော

(၃) အမေ့အိမ်


ကျေးဇူးတင်ပါတယ်....
အပြည့်အစုံသို့ >>

PassMark Monitor Test



Monitor ကို စစ်ဆေးသင့်ပါတယ်

Digital monitor တွေ အသုံးများလာတဲ့အခါ အဲ့ဒီ Monitor ကိုစစ်ဆေးဖို့ အကြောင်းလည်း ပေါ်ပေါက်တတ်ပါတယ်။ တစ်ခါတစ်ရံ monitor မှာ အရောင်တွေပျက်နေတာ computer ကြောင့်လား၊ Graphic card ကြောင့်လား စသည် ကျွန်တော်တို့ မခွဲခြားတတ်ပါ။ ဒီတော့ PassMark (TM) Software (www.passmark.com) က ထုတ်လုပ်တဲ့ PassMark Monitor Test ကို ဆောင်ထားသင့်ပါတယ်။ အရွယ်အစား 1.34MB သာ ရှိပါတယ်။ သင့် Monitor ရဲ့ color bits, number of colors, horizontal x vertical resolution, total number of pixels, refresh rate စသည် အချက်အလက်များကို ဖော်ပြပေးပါသည်။ Video driver ကိုလည်း ပြပါတယ်။ Monitor ကို test လုပ်ရာမှာ Master Screen, Solid Black, Solid Red, Solid Green, Solid Blue, Solid White, Solid Black-Red, Solid Black-Green, Solid Black-Blue, Solid Black-White, Moire Interference 1 and 2, Convergence dots, Convergence lines, Cross Hatch, Mask, Gamma Red-Green-Blue-White, Contract Red, Green, Blue, Black and White, Zooming, Fonts Test, LCD Pixel Persistence, Printer Test ပုံစံအမျိုးမျိုးနဲ့ ပြပေးပါတယ်။ ဒီလောက်ဆိုရင် သင့် monitor မှာ ဘယ်လို အရောင်တွေ ပျက်နေပြီဆိုတာ သိနိုင်ပါမယ်။
အပြည့်အစုံသို့ >>

Tuesday, December 29, 2009

ဘယ်တော့မှမမေ့ဘူး ဒီဇင်ဘာ(၂၄)






ဘယ်တော့မှမမေ့ဘူး ဒီဇင်ဘာ(၂၄)

ဘယ်တော့မှမမေ့ဘူးဒီဇင်ဘာ..
ကုန်လွန်ခဲ့တဲ့ ရက်ပေါင်း သုံးရာခြောက်ဆယ့်ငါး ဆိုတာ
ဘယ်တော့မှမမေ့ဘူးဒီဇင်ဘာ..
ကုန်လွန်ခဲ့တဲ့ ရက်ပေါင်း သုံးရာခြောက်ဆယ့်ငါး ဆိုတာ

အတိတ်တွေလား...ပုံပြင်လား..
အထီးကျန်တဲ့အဖြစ်တွေကြောင့်..
အလွမ်းတွေနဲ့ သာပြည့်နှက်ခဲ့ရတဲ့...
ငါ့ဘ၀ရဲ့ဒီဇင်ဘာ..
ဘာမှသာမဟုတ်လိုက်တာ..တစ်နှစ်ဆိုတာမြန်လိုက်တာ..
နေ့ရက်လေးတွေ..
တရွေ့ရွေ့ပြောင်း..တဖြည်းဖြည်းနှောင်းလည်း
မင်းကိုမမေ့ပါဘူး..ဒီဇင်လာ(၂၄)ရယ်..
ဒါပေမဲ့မင်းရက်စက်လိုက်တာ..
ဒီဇင်ဘာလေးရယ်..
ငါ့ကိုဘာလို့များ..မင်းရဲ့နေ့ရက်လေးတွေမှာ
အလွမ်းတွေနဲ့ပဲဖြတ်သန်းခွင့်.
ပေးခဲ့ရတာလဲ..
ဆန္ဒနဲ့ဘ၀ ထပ်တူကျခွင့်များသာ
ငါ့မှာရှိလိုက်မယ်ဆိုရင်..မင်းပေးတဲ့.
အလွမ်းနေ့ရက်တွေကို..
ငါအံတုလိုက်ချင်..သေးပါရဲ့..
ဘယ်တော့မှမမေ့သော..ဒီဇင်ဘာ(၂၄)

(တစ်ယောက်သောသူအား အစဉ်ထာဝရ သတိရလျက်)


အပြည့်အစုံသို့ >>
htarwara-2 © 2008 Template by:
SkinCorner