Wednesday, December 30, 2009

အမေနေ့ ( ပြာသိုလပြည့်နေ့ ) အမှတ်တရ


အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့ဆိုတာ တခြားနေ့တွေနဲ့ မခြား တူတူပါပဲ…. ဒါပေမယ့် ဒီပြာသိုလပြည့်နေ့ကို အမေနေ့ဆိုပြီး သတ်မှတ်လိုက်တဲ့အခါ အမေ့ကို တခြားနေ့တွေထက် ပိုပြီး အလေးအနက် ပြုမိပါတယ်…. ကိုယ်တိုင်တင် မဟုတ်ဘဲ တခြား သတိမထားမိသူတွေကိုလည်း ပြောပြ သတိပေးဖြစ်ပါတယ် …. အမေနေ့မှာ အမေနဲ့ပတ်သက်ပြီး .......ညီလေးတစ်ရောက်ရဲ့
ဘလော့မှာတွေ့လို့..ဒီကဗျာလေးကိုအရမ်းကြိုက်လို့..ကူးခဲ့ပါတယ်..
အမေ

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။

နေ့တိုင်း လွမ်းနေရတာ ခုလိုဒီဇင်ဘာပြီးလို့ ဇန်န၀ါရီလဆို အမေ့ကို လွမ်းရတာ ၂ နှစ်ပြည့်ပြီ..
ဒီညတော့ဘာမှမလုပ်ချင်တော့ ဘူး..အမေသီချင်းလေးတွေ နားထောင်ပီးတော့ အမေ့ကိုလွမ်းလိုက်တော့မယ်ဗျာ..

(၁) အမေ့ဆန္ဒ

(၂) မြင့်မိုရ်ထက်မြင့်သော

(၃) အမေ့အိမ်


ကျေးဇူးတင်ပါတယ်....

0 comments:

Post a Comment

ကျွန်တော့် Blog လေးကိုရောက်လာကြသောသူအားလုံးကို
အထူးပဲကျေးဇူးတင်ပါတယ်..

htarwara-2 © 2008 Template by:
SkinCorner