Tuesday, December 29, 2009

ဘယ်တော့မှမမေ့ဘူး ဒီဇင်ဘာ(၂၄)






ဘယ်တော့မှမမေ့ဘူး ဒီဇင်ဘာ(၂၄)

ဘယ်တော့မှမမေ့ဘူးဒီဇင်ဘာ..
ကုန်လွန်ခဲ့တဲ့ ရက်ပေါင်း သုံးရာခြောက်ဆယ့်ငါး ဆိုတာ
ဘယ်တော့မှမမေ့ဘူးဒီဇင်ဘာ..
ကုန်လွန်ခဲ့တဲ့ ရက်ပေါင်း သုံးရာခြောက်ဆယ့်ငါး ဆိုတာ

အတိတ်တွေလား...ပုံပြင်လား..
အထီးကျန်တဲ့အဖြစ်တွေကြောင့်..
အလွမ်းတွေနဲ့ သာပြည့်နှက်ခဲ့ရတဲ့...
ငါ့ဘ၀ရဲ့ဒီဇင်ဘာ..
ဘာမှသာမဟုတ်လိုက်တာ..တစ်နှစ်ဆိုတာမြန်လိုက်တာ..
နေ့ရက်လေးတွေ..
တရွေ့ရွေ့ပြောင်း..တဖြည်းဖြည်းနှောင်းလည်း
မင်းကိုမမေ့ပါဘူး..ဒီဇင်လာ(၂၄)ရယ်..
ဒါပေမဲ့မင်းရက်စက်လိုက်တာ..
ဒီဇင်ဘာလေးရယ်..
ငါ့ကိုဘာလို့များ..မင်းရဲ့နေ့ရက်လေးတွေမှာ
အလွမ်းတွေနဲ့ပဲဖြတ်သန်းခွင့်.
ပေးခဲ့ရတာလဲ..
ဆန္ဒနဲ့ဘ၀ ထပ်တူကျခွင့်များသာ
ငါ့မှာရှိလိုက်မယ်ဆိုရင်..မင်းပေးတဲ့.
အလွမ်းနေ့ရက်တွေကို..
ငါအံတုလိုက်ချင်..သေးပါရဲ့..
ဘယ်တော့မှမမေ့သော..ဒီဇင်ဘာ(၂၄)

(တစ်ယောက်သောသူအား အစဉ်ထာဝရ သတိရလျက်)


0 comments:

Post a Comment

ကျွန်တော့် Blog လေးကိုရောက်လာကြသောသူအားလုံးကို
အထူးပဲကျေးဇူးတင်ပါတယ်..

htarwara-2 © 2008 Template by:
SkinCorner